Wednesday, March 3, 2010

သင့်အားအလိုရှိသည်

မှားမှန်းသိလျှက်မထူးဇာတ်ခင်းပြီး လောကအမှောင်ကမ္ဘာထဲ
သင့်ရဲ့ဘ၀သင့်အသက်တာကို ထားရစ်ခဲံမှာလား
အားနည်းချက်များရှိခဲ့ယင်တောင် စိတ်ပျက်နေတဲ့ဘ၀နဲ့ အသက်ရှင်နေမလား
သေချာစဉ်းစား လူ့ဘ၀ဟာတန်ဖိုးရှိတယ်။


ခါးမှန်းသိလျှက်အတ္တသဘောရဲ့ လောကအမှောင်ကမ္ဘာထဲ
သင့်ရဲ့ ဘ၀အသက်တာကို နှစ်လိုက်တော့မှာလား
ပျက်စီးခြင်းများတွေ့ရမှာကို သိလျှက်နဲ့များ ဇွတ်အတင်းတိုးဝင်နေမလား
ဘယ်လိုသဘောနဲ့ အသက်ရှင်နေထိုင်သလဲ တွေးကြည့်ပါ။

ဒီကနေ့သင့်အသက်တာကိုသခင်အလိုရှိတယ်
ပြည်လည်ပြီး သခင့်အတွက်အသုံးခံပါ
အားနည်းချက်များပြည့် ၀စေမယ်
သခင်ဘုရားအတွက်အသက်တာပုံအပ်ပါ
(ဒီကနေ့ သင့်အသက်တာကို သခင်အလိုရှိတယ်)၃
သခင်ဘုရားသင့်ကိုအလိုရှိတယ်

No comments:

Post a Comment