Friday, June 11, 2010

ခိုနားခွင့်ပေးပါအုံးသခင်

ကြင်နာမူတွေပျောက်ဆုံးလို့ တကယ်ကို ဝေးပြီကွယ် 
ရင်းနှီးခဲ့တဲ့ အပေါင်းအဖော်ကြည်သူတွေ
စွန့်သွားလို့အနောက်ကျန်ရစ် အပြစ်ဖို့လို့နေပြီထင် 
ဆုံးရှုံးခြင်းသာ ဒဏ်ရာတွေဖြစ်နေ

နာကြည်မူတွေသည်နှစ်လုံးသားတွေကို 
သာကျွမ်းလောင်စေ ဘယ်အတွက်များက ပြစ်ခွါကာငြိုငြင်

အချစ်ဆုံးသူငယ်ချင်း


အချစ်ဆုံးသူငယ်ချင်းလေး ကိုယ်တော်ပေးတဲ့ သူငယ်ချင်းလေး
ဖြူစင်တဲ့စိတ်ကလေးနဲ့ သခင်ဘုရားလက်ဆောင်ပါ
အချစ်ဆုံးသူငယ်ချင်းလေး ဂုဏ်ယူမိပါတယ်
ဖြူစင်တဲ့မေတ္တာတရားနဲ့ ဆုတောင်းပေးနေသူ

ဂုဏ်တော်ချီးမွမ်းခြင်း


လယ်ပြင်စပါးဝင်းဝင်းစိုပြေစိုက်ခင်းများ 
ဝေဆာလှပနေတုန်းအခိုက်မှာ သခင်ဘုရားပေးတဲ့ ဒီမိုးတွေ
ပြန်သတိရမိနေတယ် အိုနေမင်းရယ် ဒီမြေကြီးရယ် 
ပေါင်းစပ်ကာ စီရင်ထား အပင်မှာကြီးထွားလို့
ဆန်စပါးလည်းပေါ ကြွယ်တယ်။

ရွှေငွေပစ္စည်းများ ကိုယ်တော်ပေးသနားခြင်း
ယူဆောင်ခြင်းများသည်လည်းရှိတယ် 

ကျေးဇူးတဲနန်း


နုံချာပါတဲ့ ကျွန်တော်ဘဝရဲ့ ဒုက္ခဆင်းရဲ ကြောင့် ဝမ်းမနည်းပါဘူး ငြီးတွားမနေဘူး
အိမ်အကာယံ ပြုတ်ပျက်ကျလို့ အမိုးမလုံလဲ
တဲ အိမ်ရွှေနန်းထက် သာတယ်။

အသက်စွန့်ချစ်တဲ့ ကျွန်တော်အဖရဲ့
ဒုက္ခနဲ့စာရင် ဆင်းရဲခြင်းက သူရဲ့
ခြေမှုန့်လေးတစ်စက်မှ မမှီတယ်
ဒုက္ခရောက်ခိုက်အားပေးစကားလေး
ကျွန်တော်အတွက်ဆိုတယ်
သားရယ်ရှေ့ရေးအတွက်မပူနဲ့

ဝသာန်ကာလ မိုးလေးဖျန်းယင် ရွှဲလို့ဆိုတယ်
ကျေးဇူးတော်ကို ချီးမွမ်းနေဆဲ ဟေမန်၇ာသီ
ဆောင်းနှင်းကလေးတွေ မေးခိုက်ခိုက်တုန်လည်း  ချမ်းပါစေ ကျေးဇူးတော်ဘဲ။
နေစရာအိမ်မရှိတဲ့ အဖရဲ့ဒုက္ခဆင်းရဲမျိုး
ကျွန်တော်အတွက်တစ်ကယ်တော့
ကင်းဝေးစေတယ်။ယာယီစံရာတဲနန်းကလေးမှာ အားလုံးပြည့်စုံတယ် အားလုံးဟာ
ကျေးဇူးတော်ဘဲ။

စဉ်းစားလေ ဝမ်းမြောက်လေ



လွန်လေပြီးသော အချိန်ကာလတွေ
သက္ကရဇ်တွေ ဆန်းစစ်လေ တွေ့ရမယ် ကိုယ်တော်ပြုသော ကျေးဇူးတွေ။

ရှင်သန်နေထိုင် ဒီအချိန်ထိတိုင်
စားရေးတွေဝတ်ရေးတွေ  ကောင်းကြီးတွေ
ပြန်လည်ရေတွက်ကြည့်လိုက်လေ။

လျှံလျက်ရှိသောခွက်ဖလား

လျှံလျက်ရှိသောခွက်ဖလား

ရွှေငွေရတနာတွေ မပိုင်ဆိုင်နေပါသော်လည်းလေ
ကျေဇူးတရားများ ပြည့်ဝနေခဲ့ပေ
ကိုယ်တော်ရှင်ရဲ့ ဖော်မကုန်မေတ္တာ
လူတွေအပေါ်မှာ ပိုလျှံခဲ့တာ
ဒါတွေအားလုံး ဘုရားမြတ်ကျေးဇူးတော်ပဲလေ။
နေစရာထိုင်စရာတွေ
ဇိမ်ခံချွေရံအဖော်သင်းတွေ
အများနဲ့ တတန်းတည်း မရှိခဲ့ပေမယ့်လေ
ကိုယ်တော်ရှင်ရဲ့ ကြွယ်ဝခြင်းတွေ

မင်္ဂလာသီချင်း

မင်္ဂလာသီချင်း

သမိုင်းစတဲ့ ကမ္ဘာဦးထဲက
တစ်ဦးတစ်ယောက်ထဲမနေကောင်းလို့
အာဒန်နဲ့ ဧဝမှစ လူတွေလဲပေါင်းဖက်ခဲ့ကျ
ဒါကောင်းကြီး ထဲက တစ်ခုဘဲ။
အရှိုးထဲက ကိုယ့်အရိုးပါ
အသားထဲက ကိုယ်အသားဖို့
သာယာသုခရရှိလို့ အစဉ်ထာဝရ ပေါင်းဖက်ကြဖို့
ဒီဆောင်းဆုလေးကို နှစ်ပေါင်းများထိ ရည်ရွယ်ရင်း။