Friday, June 11, 2010

ကျေးဇူးတဲနန်း


နုံချာပါတဲ့ ကျွန်တော်ဘဝရဲ့ ဒုက္ခဆင်းရဲ ကြောင့် ဝမ်းမနည်းပါဘူး ငြီးတွားမနေဘူး
အိမ်အကာယံ ပြုတ်ပျက်ကျလို့ အမိုးမလုံလဲ
တဲ အိမ်ရွှေနန်းထက် သာတယ်။

အသက်စွန့်ချစ်တဲ့ ကျွန်တော်အဖရဲ့
ဒုက္ခနဲ့စာရင် ဆင်းရဲခြင်းက သူရဲ့
ခြေမှုန့်လေးတစ်စက်မှ မမှီတယ်
ဒုက္ခရောက်ခိုက်အားပေးစကားလေး
ကျွန်တော်အတွက်ဆိုတယ်
သားရယ်ရှေ့ရေးအတွက်မပူနဲ့

ဝသာန်ကာလ မိုးလေးဖျန်းယင် ရွှဲလို့ဆိုတယ်
ကျေးဇူးတော်ကို ချီးမွမ်းနေဆဲ ဟေမန်၇ာသီ
ဆောင်းနှင်းကလေးတွေ မေးခိုက်ခိုက်တုန်လည်း  ချမ်းပါစေ ကျေးဇူးတော်ဘဲ။
နေစရာအိမ်မရှိတဲ့ အဖရဲ့ဒုက္ခဆင်းရဲမျိုး
ကျွန်တော်အတွက်တစ်ကယ်တော့
ကင်းဝေးစေတယ်။ယာယီစံရာတဲနန်းကလေးမှာ အားလုံးပြည့်စုံတယ် အားလုံးဟာ
ကျေးဇူးတော်ဘဲ။

1 comment: