Friday, June 11, 2010

ဂုဏ်တော်ချီးမွမ်းခြင်း


လယ်ပြင်စပါးဝင်းဝင်းစိုပြေစိုက်ခင်းများ 
ဝေဆာလှပနေတုန်းအခိုက်မှာ သခင်ဘုရားပေးတဲ့ ဒီမိုးတွေ
ပြန်သတိရမိနေတယ် အိုနေမင်းရယ် ဒီမြေကြီးရယ် 
ပေါင်းစပ်ကာ စီရင်ထား အပင်မှာကြီးထွားလို့
ဆန်စပါးလည်းပေါ ကြွယ်တယ်။

ရွှေငွေပစ္စည်းများ ကိုယ်တော်ပေးသနားခြင်း
ယူဆောင်ခြင်းများသည်လည်းရှိတယ် 
သခင်ဘုရားပေးတဲ့ ဒီအသက်တာ
အရာရာအားလုံးပြည့်စုံပြီ
ဒီမြေကြီးပေါ်နေထိုင်သတ္တဝါ အသက်ဆက်ကာ
နေနေသရွှေ့ ကိုယ်တော်ကျေးဇူးတရား 
ဘယ်အ၇ာတွေ ကင်းလွတ်နိုင်မလဲ
(ဂုဏ်တော်ချီးမွမ်းရင်းတေးသီချီးများ ညီ
စေမယ် မြူးကြွတဲ့ စည်းချက်များ ခုန်စေမယ် 
နှလုံးသားထဲလှိုက်လှဲလို့ ခုန်စေမယ် ဧကျူးတဲ့အသံတွေ)
ကိုယ်တော်ထားရှိတဲ့ ဒီချစ်ခြင်းတရားများ 
မကုန်နိုင်မခမ်းခြောက်နိုင်တဲ့မေတ္တာ
ခန္ဒာစွန့်လွှတ်လို့ သေသည့်တိုင် သူရွှေးနှုတ်ခဲ့သည်ပင်
ကယ်တင်ခြင်းကို သူလေပေးကာ
ဝမ်းမြောက်စွာခံယူစေ ဒီဆုကျေးဇူးအတွက်
တန်ပြန်လေပေးဆပ်ပါလား။

No comments:

Post a Comment