ဒီကမ္ဘာထဲရောက်လာတယ် ငိုကြွေးခြင်းတွေနဲ့
အပူအပင်ကင်းမဲ့ ကလေးဘဝရဲ့ အရွယ်ငယ်
ရှင်သန်ခြင်းနဲ့ ကြီးပြင်းခဲ့တယ်။
အမေ့ရဲ့ ရင်ထဲ အို...........နွေးထွေးစွာနဲ့
ပညာသင်ကြားပေးတာရယ် ဆိုဆုံးမကာရယ်
တစ်ချိန်မှာဘဝရဲ့ လမ်းမထက်ပေါ်ဝယ်
ခြေရှေ့ လမ်းပြခြင်းအတွက် အလင်းတစ်ခုပဲကွယ်
အမေရဲ့ ချစ်ခြင်း သားသမီးအပေါ်ဝယ်
အန္တရယ် အတားအဆီးခဲ့ယဉ်းမူတွေရယ်
အမေက မညည်းတွားဘဲ ဖြေရှင်းပေးခဲ့တယ်
စားရေးဝတ်ရေး အသက်ရှင်ရေးအတွက်လည်း
မပင်ပန်းဘူးတဲ့ သားသမီးတွေအတွက်
ထပ်ဆို။ ။ ကျေးဇူးဘဲမေမေ ဖော်မကုန်နိုင်စွမ်းတဲ့
ချစ်ခြင်းမေတ္တာတွေ အလွန်ကြီးမြတ်လွန်းပေ
ဒီဘဝနဲ့တော့ အမေ့ရဲ့ကျေးဇူးတွေ
ပြန်ဆပ်ဖို့အတွက် မပြည်စုံတော့ပြီလေ
ကျေးဇူးဘဲမေမေ အိုသွန်သင်ခြင်းနဲ့
လူလားမြောက်အောင်လေ ဆိုဆုံးမခြင်းနဲ့
အမှန်အမှားအတွက် လမ်းပြလို့သွား
အမေများအားလုံးချမ်းမြေ့ပါစေ။
No comments:
Post a Comment