အကြီးမြတ်ဆုံးဘုရား သခင့်ရဲ့ ရှေ့တော်မှာ ကျွန်ုပ်သည် ဗလာနတ္တိပါ
အကောင်းမြတ်ဆုံးဘုရား သခင့်ရဲ့ရှေ့တော်မှာ ကျွန်ုပ်သည် မစင်ကြယ်ဆိုးသွမ်းသူ
သခင့်ရဲ့အချစ်သာ ကျွန်ုပ်အားသခင့်အနားရောက်စေ
သခင့်ရဲ့ အချစ်သာ အမြင့်ဆုံး ပလ္လင်တော်ရှေ့ ကျွန်ုပ်ရောက်စေ။
ကိုယ်တော်ရှင်သည် ကျွန်ုပ်၏ အရာရာတိုင်း
ကိုယ်တော်အမြဲအသက်ရှင်ခြင်းကြောင့် ကျွန်ုပ်အသက်ရှင်
ကိုယ်တော်ရှင်သည် ကျွန်ုပ်၏ အ၇ာခပ်သိမ်း
ကျွန်ုပ်ကိုယ်တော်ရှေ့မှောက် ပြပ်ဝပ်ဒူးထောက်လျှက်ကိုးကွယ်
ကောင်းကင်ဘုံအဖ.............. ကောင်းကင်ဘုံအဖ
ကျွန်ုပ်၏အစွမ်းခွန်အား ကျွန်ုပ် ကိုယ်၌ဆီမှာ မရှိပါ အရာရာအနတ္တသာ
ကျွန်ုပ်တတ်စွမ်းနိုင်သမျှ သခင့်ထံပါးဆီမှာ တန်ခိုးတော်စုံလင်ကျေးဇူးသာ
သခင့်ရဲ့ မေတ္တာ အရာခပ်သိမ်းတတ်စွမ်းစေ
သခင့်ရဲ့ မေတ္တာ နေလကြယ်တွေထက်တောက်ပစေ။
No comments:
Post a Comment