တံတိုင်း
မြင်နေရတဲ့ တံတိုင်းကြီးတွေ နယ်မြေပိုင်းခြားသတ်မှတ်နေ
လူတွေရွံရှာစရာ ဘာလင်တံတိုင်ကြီး ကျိုးပျက်သွားသော်လည်း
မမြင်ရတဲ့ တံတိုင်းကြီးတွေ ကာရံဆီးတာ
းလျှက်ရှိနေကြင်နာသူတွေတောင် ပြည်လည်ဆုံဆည်းဖို့
ဝေး ..........ဝေးသွားပြီ။
ထပ်ဆို။ ။ (ဂိုဏ်းဂဏစွဲ ဝါဒစွဲ ဒေသစွဲ ထားခံလို့ ကြင်သူချင်းတွေဝေး.........
တွေးတောယူဆချက်တွေ သဘောထားတွေ ကွဲလွဲ (သေး)ရင်
အချင်းအချင်း ကွဲနေမယ် / အသင်းသများကွဲအုံးမယ် )၂
ပကာသနရဲ့ တံတိုင်းကြီးတွေ ကျော်ဖြတ်သွားဖို့ သိပ်ခက်နေ
ဥဏ်ရည်တူရင်တောင် ဂုဏ်ရည်မတူသေးလို့ ထပ်ဆင့်ကွဲနေသေး
ယုံကြည်မူရဲ့ တံတိုင်းကြီးတွေ လွယ်လွယ်လေးနဲ့ ချိုးမဖျက်နိုင်
ယုံကြည်သူတွေတောင် ပြည်လည်ဆုံဆည်းဖို့ ဝေး..ဝေးသွားပြီ။
ထပ်ဆို။ ။အပြစ်ရဲ့တံတိုင်းနံရံများကာရံများ ခြားနားလို့
ကိုယ်တော်ဘုရားရှင်သည် တံတိုင်းများကို ချိုးဖျက်ကာ
အသွေးဆက်ကိုသွန်းခဲ့တာ အကြောင်းမဲ့တော့မဟုတ်ဘူး
ဓလေ့စရိုက်ခြင်း အမြင်ချင်း ဝါသနာခြင်းခြားနားလို့
ကိုယ်တော်ဘုရားရှင်သည် တံတိုင်းသများကိုချိုးဖျက်ကာ
တစ်လုံးတစ်ဝ ဖြစ်ရေးအတွက်သာ ပေါင်းကူးတံတားခင်းသရှာ။
No comments:
Post a Comment