Friday, February 5, 2010

ဘ၀သင်ခန်းစာ

သောင်ပြင်မှာခြေရာလေး နှစ်ခုတော့တွေ့တယ်
ကိုယ်တော်ရှင်ငါ့ရဲ့ နံဘေးမှာ ရင်မှာကြည်နူးခြင်းမာျးနဲ့
လမ်းဆက်လျှောက်ခဲ့စဉ်ခါ ဘ၀ရဲ့ခရီးစဉ်ထဲ မုန်တိုင်းကျရောက်စဉ်ခါ

သောင်ပြင်မှာ ခြေရာလေးတစ်ခုဘဲတွေ့တယ်
သခင်ရှောင်ခွါထွက်သွားပြီလားကွယ် ရင်မှာကြေကွဲခြင်းများနဲ့
မေးလိုက်မိစဉ်ခါ ငါ့ရဲ့ခရစ်တော်ရှင် အဖြေစကားလေးတစ်ခုခြွေကာ


ငါဒုက္ခရောက်စဉ်တုန်းမှာ ငါလမ်းမှားခဲ့စဉ်တုန်းခါ

ရန်ဘေးအပေါင်းမှ ယေရှဘုရားပွေ့ချီကာ
သူစောင့်ရှောက်ခဲ့ အချိန်တိုင်းမှာ
သူလမ်းပြခဲ့ အချိန်တိုင်းမှာ
ငါသိခဲ့ရ ယေရှမြတ်ရဲ့ ကြင်နာ
နောင်တ တရားတွေ ရင်ခွင်မှာ
ထာဝစဉ် စွဲမြဲ ခိုင်မာခဲ့ပြီ
သေချာစွာ စွဲပြီ ဒီသင်ခန်းစာ

No comments:

Post a Comment