Thursday, February 11, 2010

နောင်တမျက်ရည်
နောင်တမျက်ရည်တွေ ထိန်ချုပ်မရှိကြခဲ့ပြီ
တချိန်က အမှားတွေအတွက် ယူကြုံးမရ အခုချိန်မှာ
ရင်မှာလေ မြိုသိပ်လဲ ခံစား ရချက်မသက်သာ
ဒီအချိန်မှာ ဖြေစရာတစ်ခု ပူဆွေးမျက်ရည်လေးတွေ



နောင်တမျက်ရည် တစက် စကားတစ်ခွန်းနဲ့ နှိုင်းကြည့်ယင်
ဟိုမိုးမြင့်ဆီက ကြည့်များနဲ့ မခြားပါလေ
ငိုနေတယ် ငမိုက်သား ရင်ဖွင့်ချက် စကားလုံးတွေ ဒီအချိန်မှာ
ဖြေစရာတစ်ခု နောင်တမျက်ရည် သက်သေ

ဘယ်သူငါ့ အမှားခွင့်လွှတ်နိုင်မလဲ
နောင်တနဲ့ ငိုနေချိန် လာပါလေ
အိုချစ်သားရေ မင်းအပြစ်တွေ ကဗ္ဗာလာလိုနီသော်လည်းလေ
ဖြူစင်စေမယ် မိုးပွင့်ပါပမာ ယေရှခရစ်တော် အပြစ်လွှတ်နေပြီ

ငမိုက်သားရဲ့ အပေါ်ထား ကြီးမာတဲ့ သူမေတ္တာ လက်ဝါးကပ်တိုင်မှာ
ကြေကွဲစရာသက်သေကို ခန္ဓာကို တည်နေသရွှေ့
ဆက်မမှားဖို့ ဆုံးဖြတ်ပြီ ကယ်တင်ရှင် ယေရှဘုရား
အလိုအတိုင်းအသက်ရှင်တော့မယ်

No comments:

Post a Comment