Thursday, February 11, 2010

"ကြီးမြတ်လှသော"

ကိုယ်တော်ဖန်းဆင်းလောကအလှကမ္ဘာ
စိတ်လှုပ်ရှားအံသြဘွယ်လက်ရာ
ရောင်စုံတိမ်တိုက်ကောင်းကင်မိုးကြိုးသံ
တန်ခိုးနှင့် သက်သေတည်မြဲခြင်း

သာယာရှခင်းကျေးဌက်တေးသံ
ချီးမွမ်းခြင်းများနဲ့ သီချင်းဆို
လေပြင်လေညင်းလေးတွေပြေးဆော့ကာ
စမ်းချောင်းကလေးတွေ လှုပ်ရှားသွား

အို ငါဝိညာဉ်ကိုယ်တော်အားချီးမွမ်း
ကြီးမြတ်လှသည့် အကြောင်းကို
အို ငါ့ဝိညာဉ် ဘုရားမြတ်ကို ချီးမွမ်းပါ
ကြီးမြတ်လှသည့် အကြောင်းကို


ကိုယ်တော်ဘုရားလောကသားကို
ချစ်သောကြောင့်အသက်ကိုစွန့်ကာ
တိုင်တော်တွင်အပြစ်ရဲ့ ဒဏ်ပေးဆပ်ကာ
သွေးနှင့်ဆေးကာ ဖြေလွှတ်သွား
ကိုယ်စိတ်နှလုံးသုံးပါးပြည့်စုံ
ဘုန်းတန်ခိုးနှင့် ကြွလာသောအခါ
ပျော်ရွှင်ကြည်နူးနှိမ့်ချသောစိတ်နှင့်
ချီးမွမ်းကြ ဟာလေလုယာ

No comments:

Post a Comment