Thursday, February 11, 2010

ကျေးဇူးတဲနန်း




နုံချာပါတဲ့ ကျွန်တော်ဘ၀ရဲ့ ဒုက္ခဆင်းရဲကြောင့်
ဝမ်းမနည်းပါဘူး ငြီးတွားမနေဘူး
အိမ်အကာယံတွေ ပြုတ်ပျက်ကျလို့ အမိုးမလုံလဲ
တဲအိမ် ရွှေနန်းထက်သာတယ်။

အသက်စွန့်ချစ်တဲ့ ကျွန်တော့အဖရဲ့ ဒုက္ခနဲ့ စာရင်
ဆင်းရဲဆင်းက သူ့ရဲ့ခြေမှုန် လေးတစ်စက်မှ မမှီတယ်


ဒုက္ခရောက်ခိုက် အားပေးစကားလေး ကျွန်တော့အတွက်ဆိုတယ်
သားရယ်ရှေ့ရေးအတွက်မပူနဲ့

ဝသာန်ကာလ မိုးလေးဖျန်းယင် ရွှဲရွှဲလို့စိုတယ်
ကျေးဇူးတော်ကို ချီးမွမ်းနေဆဲ ဟေမန်ရာသီ
ဆောင်းနှင်းကလေးမှာ မေးခိုက်ခိုက်တုန်လည်း
ချမ်းပါစေကျေးဇူးတော်ပဲ

နေစရာအိမ်မရှိတဲ့ အဖရဲ့ ဒုက္ခဆင်းရဲမျိုး
ကျွန်တော့အတွက်တကယ်တော့ ကင်းဝေးစေတယ်
ယာယီစံယာတဲ နန်းကလေးမှာ အားလုံးပြည်စုံတယ်
အလုံးစုံ ဟာကျေးဇူးတော်ဘဲ


1 comment: