Monday, February 15, 2010

ဆူးလေခါး


အမှန်တရားလေးပါကွယ် အဖြေကိုရှာကြည့်မယ်
အတိတ်ရဲ့အရိပ်မှာ ဘဝတစ်လျှောက်ဆူးတွေရယ်
မကျေနပ်ချက်တွေများနဲ့ အန္တရယ်တွေကို 
ရင်ဆိုင်စေသူ ဆူးရယ် ဆူးရယ်

လှသောပန်းငယ်တစ်ပွင့် ဝေဆာပွင့်လန်းရန်
ဆူးလေးများက ထိန်းသိမ်းလို့ကာကွယ်ခဲ့
တကယ်တော့ ဘဝအတွက်ဆူးဟာ
ရောင်စုံဝေဖြာ တစ်ပွင့်ပန်းဖန်လာဖို့ရန် အဖြည့်ခံ

အဖြည့်ခံတဲ့ ဆူးတစ်ခက် အမုန်းကိုခံရလည်း
ပန်းတပွင့်ဖူးပွင့်ခဲ့ရင် ကျိုးပဲ့သွားလည်း မူပါ
စွန့်ပယ်ခံဆဲအမြဲ ဘဝဟာဒီအတိုင်းပဲ
ဘဝတစ်ခုလှပဖို့ရန် ဒုက္ခဆူးများ
ဘုရားသခင်ဖန်ဆင်းခဲ့တယ်

ကျေးဇူးတော်ချီးမွမ်းမိပြီဘုရားရှင် ဒုက္ခဟာ
ဘဝစစ်ဖြစ်သည်မို့ ခါးသီးခြင်းနောက်ကွယ် ချိုမြိန်မူတွေ ရရှိခံစားသိခဲ့ပြီလေ


(၂ ကော ၁၂း၇-၁၂ / ဆာလံ ၁၀၃း၁၃-၁၇ )

No comments:

Post a Comment